ဘာသာရေးအသင်းအဖွဲ့ဝင်တို့တွေ့ဆုံသည့် အခမ်းအနား၊ စာပေယဉ်ကျေးမှုမျိုးနွယ်စုများနှင့်တွေ့ဆုံသည့် အခမ်းအနားနှင့်ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ်ဖလား ဝန်ကြီး ဌာနပေါင်းစုံ(အမျိုးသား၊ အမျိုးသမီး)ဖူဆယ် ဘောလုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားများသို့ တက်ရောက်

မြစ်ကြီးနား၊ အောက်တိုဘာလ ၂ ရက်

(၂.၁၀.၂၀၂၄)ရက်နေ့ နံနက်(၀၉၃၀)အချိန်တွင်မလိခခန်းမ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး တွင် နိုင်ငံတော်ကောင်စီဝင်ဒေါ်ဒွဲဘူနှင့် ဘာသာရေးအသင်းအဖွဲ့ဝင်တို့တွေ့ဆုံသည့် အခမ်းအနားနှင့် အဆိုပါနေ့ နေ့လယ် (၀၁၀၀) အချိန်တွင် မလိခခန်းမ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဒေါ်ဒွဲဘူနှင့် စာပေယဉ်ကျေးမှုမျိုးနွယ်စုများနှင့်တွေ့ဆုံသည့် အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးမှ   တက်ရောက်ခဲ့ပြီး ညနေပိုင်း (၀၃၀၀) နာရီအချိန် တွင် ငြိမ်းချမ်းသာယာ ဖူဆယ်ဘောလုံးအားကစားရုံတွင် ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ(အမျိုးသား၊ အမျိုးသမီး)ဖူဆယ် ဘောလုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးမှ   တက်ရောက်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)