၂၀၂၄ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားသို့ တက်ရောက်

စစ်ကိုင်း၊ အောက်တိုဘာလ ၂ ရက်

၂-၁၀-၂၀၂၄ ရက်နေ့၊ နံနက်(၉)နာရီအချိန်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ကျင်းပပြုလုပ်သည့်၂၀၂၄ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနား သို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီး ဝန်ကြီးများ ၊  တိုင်းဒေသကြီးဥပဒေချုပ် ၊ တိုင်းဒေသကြီးဥပဒေအရာရှိနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ  တက်ရောက်ခဲ့ပြီး သက်ကြီးဘိုးဘွားများအား ပေးကမ်းထောက်ပံ့ခဲ့ပါသည်။

(သတင်းစဉ်)