ဘားအံမြို့၊ ရွှေကင်း အခြေခံပညာ မူလတန်းကျောင်းတွင် (၆၀_၃၀)ပေ RCC တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

ဘားအံ၊ ဒီဇင်ဘာ ၈ ရက်

၈.၁၂.၂၀၂၅ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်တွင် ဘားအံမြို့၊ ရွှေကင်း အခြေခံပညာ မူလတန်းကျောင်းတွင် (၆၀_၃၀)ပေ RCC တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ  ပြည်နယ် ဝန်ကြီးချုပ်နှင့်တကွ  ပြည်နယ်အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်  တာဝန်ရှိသူ များ  တက်ရောက်ခဲ့ကြပါသည်။

 (သတင်းစဉ်)