ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ပညာသင်စရိတ်ထောက်ပံ့ခြင်းဆိုင်ရာ မိသားစု ထောက်ပံ့မှု အကျိုးခံစားခွင့် ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ ဒီဇင်ဘာလ ၉ ရက်

၉.၁၂.၂၀၂၅ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန် ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ပညာသင်စရိတ်ထောက်ပံ့ခြင်းဆိုင်ရာ မိသားစု ထောက်ပံ့မှု အကျိုးခံစားခွင့် ပေးအပ်ပွဲအခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)