ရွှေတောကျေးရွာအုပ်စု၊ ကော့ပရံကျေးရွာတွင် (၂၇၆၅)ခုနှစ် ကရင်နှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည် ထောင်စုငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် DNT+ Thanlwin Friendship ကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက်သော” ကော့ပရံ- ကော့မလောက်လမ်း” ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်

 ဘားအံ၊ ဒီဇင်ဘာ ၉ ရက်

၉.၁၂.၂၀၂၅ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်တွင် ရွှေတောကျေးရွာအုပ်စု၊ ကော့ပရံကျေးရွာတွင် (၂၇၆၅)ခုနှစ် ကရင်နှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် DNT+ Thanlwin Friendship ကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက်သော ” ကော့ပရံ- ကော့မလောက်လမ်း” ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်း အနားသို့ ကရင်ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ  ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ  ပြည်နယ်အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်  တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)