မြစ်ကြီးနား၊ ဒီဇင်ဘာလ ၁၀ ရက်

၁၀.၁၂.၂၀၂၅ ရက်နေ့ နံနက် ၀၈:၀၀ နာရီအချိန် မြစ်ကြီးနားမြို့၊ ငြိမ်းချမ်းသာယာဖူဆယ်အားကစား ကွင်းတွင် ကျင်းပပြုလုပ်သည့် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်ဖူဆယ် နှင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား သို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါ သည်။
(သတင်းစဉ်)
