မကွေး၊ မတ်လ ၇ ရက်

၇-၃-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ (ဒေသဆိုင်ရာ ကော်မတီ)နှင့် ဆုထူးပန်ဆောက်လုပ်ရေးကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ မကွေးစက်မှုဇုန်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ၊ မကွေးစက်မှုဇုန် စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသဆိုင်ရာကြီးကြပ်ရေးကော်မတီ တာဝန်ရှိသူ များ နှင့် အတူ သွားရောက်၍ ကြည့်ရှုစစ်ဆေးကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
