၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြစ်ကြီးနားတက္ကသိုလ် ကျောင်း သားပွဲတော် အခမ်းအနားနှင့် မြစ်ကြီးနားတက္ကသိုလ် ပါမော က္ခချုပ် ဒေါက်တာအောင်ဝင်း၏ ဂုဏ်ပြု နှုတ်ဆက်ပွဲအခမ်း အနားသို့ တက်ရောက်

မြစ်ကြီးနား၊ မတ် ၉

(၉.၃.၂၀၂၆)ရက်နေ့ နံနက်(၀၉၀၀)အချိန်တွင်  မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ တွင်ကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြစ်ကြီးနားတက္ကသိုလ် ကျောင်းသား ပွဲတော် အခမ်းအနားနှင့် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း၏ ဂုဏ်ပြု နှုတ်ဆက်ပွဲအခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရ အဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)