မကွေး၊ ဒီဇင်ဘာလ ၂၉ ရက်

၂၉-၁၂-၂၀၂၄ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်က မကွေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခမ်းမ၌ ကျင်းပသည့် မကွေးတက္ကသိုလ်နှင့် မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် သင်ဆရာ၊ ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးနှင့် ဘာသာရပ်ဆိုင်ရာအရည်အသွေး မြှင့်ဆွေးနွေးပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ်ဦးတင့်ဝေ၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာနည်းပြများ၊ ဆွေးနွေးပွဲတက်ရောက်မည့် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
