(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ဗန္ဓုလလမ်း နိုင်လွတ်ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မုံရွာ၊ ဇန်နဝါရီလ ၁ ရက်

၁-၁-၂၀၂၅ ရက်နေ့ ၊ မုံရွာမြို့ ၊ အလုံရပ်ကွက်၌ကျင်းပပြုလုပ်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအား ဖြင့် ဗန္ဓုလလမ်း နိုင်လွတ်ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနား သို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီး ဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)