မကွေး၊ ဇန်နဝါရီလ ၂၉ ရက်

၂၉-၁-၂၀၂၆ ရက်နေ့ နေ့လယ်အချိန်က မကွေးတက္ကသိုလ်၊ ဘက်စုံခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာသစ်နှစ်၊ အကြမ်းဖက်မှုကြိုတင်ကာကွယ်တားဆီးရေး၊ တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် စကားဝိုင်းဆွေးနွေးပွဲသို့ မကွေးတက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ် များ၊ တွဲဖက်ပါမောက္ခများ၊ မကွေးတိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်လှလှဆွေ၊ လက်ထောက် တိုင်းဒေသကြီးဥပဒေအရာရှိ ဦးကောင်းဆက်ဟိန်းက ကျောင်းသား၊ ကျောင်းသူများအား အသိပညာ ပေး ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
