မကွေးမြို့နယ်၊ မိကျောင်းရဲမြို့၊ ကွမ်းအုံ(မြောက်) ကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေး၊ နိုဝင်ဘာ ၁၃ ရက်

၁၃-၁၁-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့နယ်၊ မိကျောင်းရဲမြို့၊ ကွမ်းအုံ(မြောက်) ကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေ၊  တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအသီးသီးမှ ဒေသခံရပ်မိရပ်ဖများ၊ ကျေးရွာ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)