မကွေးမြို့၊ မြို့တော်ခန်းမ၌ မြေငလျင်ဒဏ်ခံစားရသည့် ပြည်သူများအတွက် အလှူငွေပေးအပ်သည့်အခမ်းအနားသို့ တက်ရောက်

မကွေး၊ မတ်လ ၂၉ ရက်

၂၉-၃-၂၀၂၅ ရက်နေ့ကနံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ မြေငလျင်ဒဏ်ခံစားရသည့် ပြည်သူများအတွက် အလှူငွေပေးအပ်သည့်အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)