ကြာအင်းဆိပ်ကြီး၊ စက်တင်ဘာ ၂၈ ရက်

(၂၈.၉.၂၀၁၉) ရက်နေ့ နံနက်(၉:၀၀)အချိန် ကြာအင်းဆိပ်ကြီးမြို့နယ်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေး လူငယ်သင်တန်းကျောင်း၌ ‘‘မူးယစ်ဆေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး’’ ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) အခမ်းအနားတွင် ကြာအင်းဆိပ်ကြီးမြို့နယ်ဥပဒေရုံး၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်မွန်မွန်အောင်မှ ပါဝင်ဟောပြောခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းဆရာ/မများ၊ သင်တန်းကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
