မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်၊ တိုင်းဒေသကြီး / ပြည်နယ်ဥပဒေအရာရှိများ၏ သတ္တမ အကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားတွင် ရှင်းလင်းပြောကြား

မြစ်ကြီးနား၊ ဒီဇင်ဘာလ ၂၃ ရက်

၂၃.၁၂.၂၀၂၅ ရက်နေ့ နေ့လည် ၁၅:၀၀ နာရီအချိန် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်၊ တိုင်းဒေသကြီး / ပြည်နယ်ဥပဒေအရာရှိများ၏ သတ္တမ အကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနား ကို ကချင်ပြည်နယ် ဥပဒေချုပ်ရုံးနှင့် ခရိုင်/မြို့နယ်ဥပဒေရုံးများမှ ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြပြီး ပြည်နယ် ဥပဒေချုပ် ဒေါ်နန်းလှလှအေးနှင့် ပြည်နယ်ဥပဒေအရာရှိ ဦးထိန်လင်းကျော်တို့မှ ရှင်းလင်းပြောကြားခဲ့ ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)