မြစ်ကြီးနား၊ ဒီဇင်ဘာလ ၂၂ ရက်

၂၂.၁၂.၂၀၂၅ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ မနောကွင်း၊ မဂျွယ်ခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းရင်းသားရေးရာဝန်ကြီးဌာန၏ ခရစ္စမတ်ပွဲတော် သို့ ကချင် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ် ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
