နေပြည်တော်၊ မတ် ၂၁ ရက်

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ အဋ္ဌမအကြိမ် လုပ်ငန်းညိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ် ၁၃:၀၀ နာရီတွင် Hybrid Format ဖြင့် ဥပဒေရေးရာ ဝန်ကြီးဌာနရှိ မြေညီထပ်အစည်း အဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ ၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ ဒေါက်တာထိန်လင်းဦး တက်ရောက် အမှာစကားပြောကြား သည်။
အစည်းအဝေးသို့ နေပြည်တော်ရှိ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ အဖွဲ့ဝင်များက လူတိုင်တိုင်တက်ရောက်၍ လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေရေးရာလုပ်ငန်းကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီတို့မှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များသင်းချုပ်မှ ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ တို့မှ ကိုယ်စားလှယ်တို့က Online မှလည်းကောင်း တက်ရောက်ကြသည်။
အစည်းအဝေး၌ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအနေဖြင့် မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် ပထမ(၅)နှစ် စီမံချက် (၂၀၁၉-၂၀၂၃) အကောင် အထည် ဖော်ဆောင်ရွက်မှု အပေါ် အခြေခံ၍ လုပ်ငန်းကော်မတီ(၈)ရပ်၏ ဒုတိယ(၅)နှစ်စီမံချက် (၂၀၂၄-၂၀၂၈) အသေး စိတ်လုပ်ငန်းစီမံချက်များအား ချမှတ်ထားရှိပါကြောင်း၊ မိမိတို့ဥပဒေရေးရာ လုပ်ငန်းကော်မတီအနေဖြင့် ဒုတိယ(၅)နှစ် စီမံချက်(၂၀၂၄-၂၀၂၈) အချက်(၅)ချက် ဆောင်ရွက်သွားရန် ပါရှိပါကြောင်း၊ ၎င်းတို့မှာ (၁)ပုံမှန်အစည်းအဝေးများကို (၃)လတစ်ကြိမ် ကျင်းပပြုလုပ်ခြင်းနှင့် လိုအပ်ပါက အရေးပေါ် အစည်းအဝေးများအား ကျင်းပပြုလုပ်ရန်၊ (၂)လုပ်ငန်းစီမံချက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများအား ကော်မတီဝင်များနှင့် ကျင်းပပြုလုပ်ရန်၊ (၃) ဥပဒေများကို လိုအပ်ပါက ပြန်လည်ပြင်ဆင်ခြင်းနှင့် အသစ်ရေးဆွဲခြင်းများ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီဝင်များ၊ အခြားလုပ်ငန်းကော်မတီများ၊ ဆက်စပ်အဖွဲ့အစည်းများနှင့် ဆွေးနွေးခြင်းများအား ဆောင်ရွက်သွားရန်၊ (၄) ကလေးအလုပ်သမား ခိုင်းစေမှုနှင့် စပ်လျဉ်း၍ ဥပဒေနှင့်အညီ စစ်ဆေးအရေးယူခြင်း များအား ဆောင်ရွက်သွားရန်နှင့် (၅) ပူးပေါင်းဆောင်ရွက်မည့်သူများကို အသိပညာပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းများအား ဆောင်ရွက်သွားရန်တို့ ဖြစ်ပါကြောင်း၊ အဆိုပါ အချက် (၅)ချက်ကို မိမိတို့လုပ်ငန်းကော်မတီဝင်များက အကောင်အထည်ဖော်ဆောင်ရွက် သွားကြရန် မှာကြားလိုကြောင်း၊ ၎င်းပြင် မိမိတို့ ဥပဒေရေးရာလုပ်ငန်းကော်မတီ၏ ဒုတိယငါးနှစ် လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈)အား အတည်ပြုခဲ့ပြီး လုပ်ငန်းကော်မတီဝင်များသို့ ဖြန့်ဝေခဲ့ပြီးဖြစ် ကြောင်းနှင့် အဆိုပါ လုပ်ငန်းစီမံချက်အရ ဆောင်ရွက်ရမည့် အချက်(၉)ချက်ရှိပြီး ယင်းအချက် များကို အမျိုးသားအဆင့်ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ဥပဒေရေးရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်ကျော်နိုင်က ဥပဒေရေးရာ လုပ်ငန်းကော်မတီ သတ္တအကြိမ် အစည်းအဝေးမှတ်တမ်းကို အတည်ပြုခြင်း၊ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ၏ လက်ရှိဆောင်ရွက်နေမှုများ၊ မြန်မာ နိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ၏ ကလေးအလုပ်သမားနှင့် သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းချက် ကောက်နုတ်ချက်များကို ဖြည့်စွက်မည့် အကြောင်းအရာများနှင့် ဥပဒေရေးရာလုပ်ငန်း ကော်မတီဝင်များက ဆောင်ရွက်ရမည့်ကိစ္စများကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဒုတိယငါးနှစ် လုပ်ငန်း စီမံချက် (၂၀၂၄-၂၀၂၈)အရ ကလေးအလုပ်သမားပပျောက်ရေးနှင့်စပ်လျဉ်း၍ မိမိတို့ သက်ဆိုင် ရာ ကဏ္ဍအလိုက် ဆောင်ရွက်ပြီးကိစ္စများ၊ ဆောင်ရွက်ဆဲကိစ္စများ၊ ဆောင်ရွက်ရန်ရှိသည့် ကိစ္စ များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး ဥပဒေရေးရာလုပ်ငန်းကော်မတီ၊ အတွင်းရေး မှူးက အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဆုံးဖြတ်ရန် အချက်(၅)ချက်ကို ရှင်းလင်း တင်ပြကာ အတည်ပြုချက်ရယူပါသည်။
ထို့နောက် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ ဒေါက်တာ ထိန်လင်းဦးက နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
