သာသနာ့ဗိမာန်တော် ရေစက်ချမင်္ဂလာအခမ်းအနားတက်ရောက်

မုံရွာ၊ အောက်တိုဘာလ ၂၉ ရက်

၂၉-၁၀-၂၀၂၃ ရက်နေ့ ၊ စစ်ကိုင်းမြို့ ၊ စစ်ကိုင်းတောင်ရိုး သမိုင်းဝင်ဆွမ်းဦးပုညရှင် စေတီတော်ရှိ ပုညရှင်သာသနာ့ဗိမာန်တော် ရေစက်ချမင်္ဂလာအခမ်းအနားသို့ ပင့်သံဃာ ဆရာတော်သံဃာတော်များထံ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ ဝန်ကြီးများနှင့်ဇနီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်လှလှဝင်း ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် အလှူရှင်များက လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)