အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ (International Day of Older Persons ) အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်

မြစ်ကြီးနား၊ အောက်တိုဘာလ ၁ ရက်

၁.၁၀.၂၀၂၃ ရက်နေ့ နံနက်၉:၀၀ အချိန် မြစ်ကြီးနားမြို့၊ အံတော်ရှင်ဘုန်းကြီးကျောင်းတိုက်၌ ကျင်းပ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ (International Day of Older Persons ) အထိမ်းအမှတ်အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့ ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ တက်ရောက်ခဲ့ပြီး သက်ကြီးရွယ်အိုများအား အလှူငွေနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ လှူဒါန်း ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)