ဘားအံ၊ အောက်တိုဘာလ ၁ ရက်

၁.၁၀.၂၀၂၃ ရက်နေ့ ညနေ ၁၄:၀၀ အချိန် ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကျင်းပပြု လုပ်သည့် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်သည့် ” အပြည်ပြည်ဆိုင်ရာ သက်ကြီးသူများနေ့ အထိမ်းအမှတ် အခမ်းအနား ” နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ် ” လူမှုရေးပင်စင်ထောက်ပံ့ ငွေပေးအပ်ပွဲ အခမ်းအနား ” သို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးပင်စင်စား သက်ကြီး ရွယ်အိုများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
