သံတောင်ကြီး၊နိုဝင်ဘာလ ၂၅ ရက်

(၂၅.၁၁.၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန် သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦ:စီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ရေး Talk Show ဆွေးနွေးပွဲတွင် သံတောင်ကြီးမြို့နယ်ဥပဒေရုံး၊ မြို့နယ်ဥပဒေအရာရှိ ဦးဖြိုးဉာဏ်အောင် ပါဝင်ဆွေးနွေးခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦ:စီးမှူး ဒေါ်နော်လော်မူ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦ:စီးမှူး ဦးဟန်ထူးစျာန်၊ သံတောင်ကြီးမြို့မရဲစခန်းမှ ဒုရဲမှူးတင်ဝင်းတို့ ပါဝင် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
