ဘားအံ၊ နိုဝင်ဘာလ ၂၅ ရက်

(၂၅.၁၁.၂၀၂၀)ရက်နေ့ မွန်းလွဲ(၃:၀၀)နာရီအချိန် ကရင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကရင်ပြည်နယ်အမျိုးသမီးကော်မတီ၏ဦးဆောင်မှုဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် Online အခမ်းအနားတွင် ကရင်ပြည်နယ် ဥပဒေချုပ်ရုံး၊ ဒုတိယပြည်နယ်ဥပဒေအရာရှိ ဒေါ်ခင်ခင်အေး ပါဝင်ဆွေးနွေးခဲ့ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
