အောင်လံ၊ ဒီဇင်ဘာလ ၂၉ ရက်

၂၉-၁၂-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက အောင်လံမြို့နယ် ဒုရင်္ဂဗိုလ်ကျေးရွာတွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ ပံ့ပိုးချေးငွေဖြင့် ပါဝင်တည်ဆောက်သည့် အောင်လံသားစိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်းစု၏ စပါးကြိတ်ခွဲသန့်စင်စက်ဖွင့်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေ၊ မကွေး တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်လှလှဆွေ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ သမဝါယမအသင်းသား တောင်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
