မော်လမြိုင်၊ နိုဝင်ဘာလ ၄ ရက်

၄-၁၁-၂၀၂၄ ရက်နေ့ ၀၈:၀၀ အချိန် မော်လမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း အ-ထ-က (၈) ယင်းမာပင်ခန်းမ၌ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်သော Grade 11 နှင့် Grade 12 သင်ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ်(၁)ဖွင့်ပွဲ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချူပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ်မှ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
