၃၇ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မကွေး၊ နိုဝင်ဘာလ ၄ ရက်

၄-၁၁-၂၀၂၄ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ၃၇ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ်ဦးတင့်ဝေတို့   တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)