ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်)များ လုပ်ငန်းခွင်ဝင်သင်တန်းတွင် သရုပ်ပြတရားခွင်များ(Moot Court) လေ့ကျင့်ဆောင်ရွက်

နေပြည်တော် မေ ၃၀

          ဥပဒေရေးရာဝန်ကြီးဌာနသည် အသစ်ရွေးချယ် ခန့်ထားပြီးသော ဥပဒေအရာရှိ ၁၀၀ ဦးအား လေ့ကျင့်သင်ကြားရန် “ ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်)များ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ် စဉ် ၁/၂၀၂၂ ” ကို ၂၉-၃-၂၀၂၂ ရက်နေ့မှ ၃၁-၅-၂၀၂၂ အထိ ဖွင့်လှစ် ပို့ချလျက်ရှိရာ သင်တန်းသား ဥပဒေအရာရှိများအား သင်တန်းကာလတစ်လျှောက် မှတ်သားနာယူ လေ့လာခဲ့ရသည်များကို လက်တွေ့အသုံးချ ဆောင်ရွက်နိုင်စေရေးနှင့် တာဝန်ကျရာ ဥပ‌ဒေရုံးအသီးသီးတွင် နိုင်ငံတော် ဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ခြင်း တာဝန်ကို လက်တွေ့အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက် နိုင်စေရေးအတွက် သရုပ်ပြတရားခွင်(Moot Court)ကို အမှုလိုက်အတွေ့အကြုံ များစွာရှိသည့် အရာရှိကြီးများကိုယ်တိုင် ပါဝင်ဦးဆောင်ပြီး လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

 

             (သတင်းစဉ်)