နေပြည်တော် မေ ၃၁

ဥပဒေအရာရှိ အဆင့်-၄(အစမ်းခန့်)များ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် ၁/၂၀၂၂ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခမ်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေအရာရှိအဖြစ် ဘဝသစ်စတင်ပြီဖြစ်ပြီး သင်တန်းတွင် ဥပဒေ၊ နည်းဥပဒေ၊ ရုံးလုပ်ငန်းနှင့် အမှုလိုက်ဘာသာရပ်များ၊ မဟာဗျူဟာစီမံကိန်း၊ ဥပဒေအရာရှိကျင့်ဝတ်၊ မျှတသောတရားစီရင် ရေးဆိုင်ရာ စံနှုန်းများဖြင့် ပြည့်ပြည့်စုံစုံ ပို့ချပေးခဲ့ခြင်း၊ ပြင်ပပညာရှင်များ၊ မှုခင်းရဲတပ်ဖွဲ့နှင့် မှုခင်းဆရာဝန်ကြီးအား ဖိတ်ခေါ်၍ ပို့ချပေးခဲ့ခြင်းတို့ကြောင့် ဥပဒေအရာရှိ ဘဝတစ်လျှောက်လုံး အတွက် တန်ဖိုးမဖြတ်နိုင်သော အသိပညာ ဗဟုသုတများ ပေးလိုက်နိုင်သဖြင့် တာဝန်ကျရာ နေရာတွင် ဥပဒေအရာရှိအဆင့်-၄ တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ရင်း ဥပဒေရေးရာ ဝန်ကြီးဌာနနှင့် နိုင်ငံတော်၏ဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်သွားမည့် ဥပဒေအရာရှိများ ဖြစ်ကြ ပါစေကြောင်း ပြောကြားသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယ ဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ တာဝန်ရှိသူများ၊ သင်တန်းဆရာ၊ ဆရာမများ၊ ဥပဒေအရာရှိ အဆင့်-၄(အစမ်းခန့်) ၁၀၀ ဦး တက်ရောက်ကြကြောင်းသိရသည်။
(သတင်းစဉ်)
