ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်) များ လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် ၁/၂၀၂၄ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၁၀

ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်) များ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် ၁/၂၀၂၄  သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခန်းမ၌ကျင်းပသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က သင်တန်းတွင် ရုံးလုပ်ငန်းဆိုင်ရာကိစ္စများ၊ ဘတ်ဂျက်နှင့်ငွေစာရင်းဆိုင်ရာကိစ္စများ၊ တရားစွဲနှင့် အမှုလိုက်ဆိုင်ရာကိစ္စများ၊ ဥပဒေရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်လျက်ရှိ သည့် မဟာဗျူဟာစီမံကိန်းများ၊ ဥပဒေအရာရှိကျင့်ဝတ်များ၊ မျှတသောတရားစီရင်ရေးဆိုင်ရာ စံနှုန်းများအကြောင်းကို အတွေ့အကြုံရင့်ကျက်သည့် ဆရာ၊ ဆရာမများကိုယ်တိုင် ပြည့်ပြည့်စုံစုံ သင်ကြားပို့ချပေးခဲ့သည့်အပြင် ပြင်ပပညာရှင်များ၊ မှုခင်းရဲတပ်ဖွဲ့ နှင့် မှုခင်းဆရာဝန်ကြီးတို့ကို ဖိတ်ခေါ်၍ပို့ချပေးခဲ့ခြင်းတို့ကြောင့် ဥပဒေအရာရှိအဖြစ် နိုင်ငံတော်ကိုယ်စားအမှုလိုက်ပါ ဆောင်ရွက်မည့်သူများအတွက် တန်ဖိုးမဖြတ်နိုင်သော အသိပညာဗဟုသုတများပေးလိုက်နိုင် ပါကြောင်း၊  သရုပ်ပြတရားခွင်ကို အမှုလိုက်အတွေ့အကြုံများစွာရှိသောဥပဒေအရာရှိများက သရုပ်ပြလေ့ကျင့်ပေးခဲ့ပါကြောင်း၊ ယခုသင်တန်းက သင်ကြားပို့ချပေးလိုက်သည့် အသိပညာဗဟု သုတများကို မိမိတို့လုပ်ငန်းခွင်တွင် လက်တွေ့ကျင့်သုံးလိုက်နာဆောင်ရွက်ခြင်းဖြင့် အရည် အသွေးပြည့်ဝပြီး တာဝန်ကိုကျေပွန်စွာဆောင်ရွက်နိုင်သော ဥပ‌ဒေအရာရှိကောင်းများဖြစ်လာ ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ သင်တန်းက သင်ကြားပို့ချပေးလိုက်သည့် ပညာများကို အခြေခံကာ မိမိတို့ကိုယ်တိုင် စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး ပေးအပ်သည့်တာဝန်ကို တာဝန်ကျရာဒေသအသီးသီးတွင်  ကျေကျေပွန်ပွန်ထမ်းဆောင်ရင်း ဥပဒေရေးရာဝန်ကြီးဌာနနှင့် နိုင်ငံတော်၏ဂုဏ်၊ဥပဒေအရာရှိဂုဏ်တို့ကို ထိန်းသိမ်းစောင့်ရှောက်ပြီး အလုပ်အကျွေးပြုသွားမည် ဟု ယုံကြည်ကြောင်းပြောကြားသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ တာဝန်ရှိသူများ၊ သင်တန်းဆရာ၊ဆရာမများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြ ကြောင်းသိရသည်။

သတင်းစဉ်