ဥပဒေအသိပညာပေး ဟောပြောပွဲများကျင်းပ

မကွေး၊ စက်တင်ဘာလ ၃ ရက်

၃-၉-၂၀၂၄ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် ရေနံချောင်းမြို့၊အ.ထ.က (၁) ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမားနှင့် သက်ဆိုင်သည့် ဥပဒေ၊ မူးယစ် ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ဥပဒေ၊ လောင်းကစားဥပဒေနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲ၌ မြို့နယ်ဥပဒေအရာရှိဒေါ်ချစ်စုအိမ် က  ဆွေးနွေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)