၁၂-၃-၂၀၂၅ ရက်နေ့တွင် လူပုဂ္ဂိုလ်(၁၂)ဦးအား ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၂၆၇ စာရင်းတွင် ထည့်သွင်းထုတ်ပြန်ခဲ့သည့် Update စာရင်း ကြေညာချက်

နေပြည်တော်၊ မတ်လ ၂၅ ရက်

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်   ၁၂၆၇ နှင့် ၁၇၁၈ ၏     အင်တာနက်စာမျက်နှာတွင်    ထုတ်ပြန်ထားသည့်  နောက်ဆုံးအခြေအနေကို သတင်းပို့အဖွဲ့အစည်းဖြစ်သည့် ရှေ့နေများ၊နိုတြီပဗ္ဗလစ်များ ၊ ဥပဒေဖြင့်အသက်မွေး ဝမ်း ကျောင်းပြုသူများက  အချိန်နှင့် တစ်ပြေးညီ ဝင်ရောက်ကြည့်ရှု၍ လုပ်ထုံးလုပ်နည်းနှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် မိမိတို့၏ Website /Webpage/ Social media  များတွင် (update) လွှင့်တင်ရန်ဖြစ်ပါသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်   ၁၂၆၇ နှင့် ၁၇၁၈ အရ ထုတ်ပြန်ထားသည့် နောက်ဆုံးအခြေအနေအား ညွှန်းဆိုသည့် Link ကို ၂၀-၁၁-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊  ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၂၆၇ အရ လူပုဂ္ဂိုလ် (၃) ဦး ထပ်မံ ထုတ်ပြန်မှုကို  ၂၇-၁-၂၀၂၅  ရက်နေ့တွင်လည်းကောင်း၊ ၂၁-၂-၂၀၂၅ ရက်နေ့တွင် ပြင်သစ်နိုင်ငံသား တစ်ဦးအား ဖယ်ထုတ်ခဲ့မှုကို  ၂၆-၂-၂၀၂၅ ရက်နေ့တွင်လည်းကောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ website တွင် လွှင့်တင်ထားပြီးဖြစ်ပါသည်။

၁၂-၃-၂၀၂၅ ရက်နေ့တွင် လူပုဂ္ဂိုလ်(၁၂)ဦးအား ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်၁၂၆၇ စာရင်းတွင် ထည့်သွင်းထုတ်ပြန်ခဲ့ သည့် Update စာရင်း pdf ဖိုင် နှင့် ဝင်ရောက်ကြည့်ရှုနိုင်သည့် https://press.un.org/en/2025/sc16017.doc.htm?_gl=1*123irx1*_ga* MTI1MjMzMzk0Ni4xNzMxOTk2MjIx*_ga_TK9BQL5X7Z*MTc0MjYxNzQ5My4xNy4xLjE3NDI2MTc4NDUuMC4wLjA. website link တို့ကို သိရှိဆောင်ရွက် နိုင်ပါရန် အသိပေးကြေညာပါသည်။

ကြီးကြပ်ရေးအာဏာပိုင်