တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံးနှင့် တနင်္သာရီတိုင်းဒေသကြီးပညာရေးမှူးရုံးတို့ ပူးပေါင်း၍ ဥပဒေအသိပညာပေး ဟောပြောဆွေးနွေးပွဲကို ထားဝယ်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပ

ထားဝယ်၊ မတ်လ ၂၅ ရက်

၂၅.၃.၂၀၂၅ ရက်နေ့ နံနက် (၀၉:၀၀)နာရီ အချိန် တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး နှင့် တနင်္သာရီတိုင်းဒေသကြီးပညာရေးမှူးရုံးတို့ ပူးပေါင်း၍ ဥပဒေအသိပညာပေး ဟောပြော ဆွေးနွေးပွဲကို ထားဝယ်မြို့၊ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများ၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ထားဝယ်ခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်ပညာရေးမှူးရုံးများမှ တာဝန်ရှိသူများ၊အရာထမ်း ၊အမှုထမ်းများနှင့် ဆရာ၊ ဆရာမများ  စုစုပေါင်းအင်အား (၄၀)ဦးတက်ရောက် ခဲ့ကြပါသည်။အခမ်းအနားတွင် တိုင်းဒေသကြီး ပညာရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဥပဒေချုပ်ရုံးက ရာဇသတ်ကြီး ဥပဒေစာအုပ်(၂)အုပ်အား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးပညာရေးမှူးက လက်ခံရယူခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများက  ရာဇသတ်ကြီး၊ လောင်းကစားဥပဒေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေတို့တွင် ဖော်ပြထားသော သိသင့်သိထိုက်သည့်ပြဋ္ဌာန်းချက်များကို ၂၅.၃.၂၀၂၅ ရက်နေ့မှ ၂၆.၃.၂၀၂၅ ရက်နေ့အထိ ဟောပြောဆွေးနွေးပို့ချခဲ့ပါသည်။

(သတင်းစဉ်)