နေပြည်တော်၊ မေ ၁၇

(၃၀)ကြိမ်မြောက် ရာဇဝတ်မှု တားဆီးရေးနှင့် ရာဇဝတ်မှု တရားစီရင်ရေးကော်မရှင် (Commission on Crime Prevention and Criminal Justice – CCPCJ)အစည်းအဝေးကို ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ယနေ့ မွန်းလွဲ ၁၃ နာရီ အချိန်တွင် Video Conferencing စနစ်ဖြင့်လည်းကောင်း၊ လူကိုယ်တိုင် တက်ရောက်ခြင်းဖြင့်လည်းကောင်း ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင် ဦးဆောင်သည့်အဖွဲ့ က Video Conferencing ဖြင့်တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးကို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)က စီစဉ်ကျင်းပခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီး၏ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ ယင်းအစည်းအဝေးကို ၁၇-၅-၂၀၂၁ ရက်နေ့မှ ၂၁-၅-၂၀၂၁ ရက်နေ့အထိ ၅ ရက်ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ရာဇဝတ်မှုအမျိုးအစားအလိုက် တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များ၊ လက်တွေ့ကျင့်သုံးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးအဖြေရှာမည် ဖြစ်ကြောင်းသိရှိရပါသည်။
(သတင်းစဉ်)
