သံလွင်မြစ်အတွင်း နှစ်လက်မအောက်ခံအရွယ်ငါးမျိုးများ စိုက်ထည့်ခြင်း

ဘားအံ၊ မေလ ၁၄ ရက်

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံတိုင်းရင်းသားပြည်သူများက ၁၄.၅.၂၀၂၁ ရက်နေ့တွင် ဘားအံမြို့နယ်၊ တရုတ်လှလျှပ်စစ် မြစ်ရေတင်လုပ်ငန်း၌ သံလွင်မြစ်အတွင်း နှစ်လက်မအောက်ခံအရွယ် ရွှေဝါငါးကြင်းနှစ်သောင်း၊ ငါးခုံ:မကြီး ရှစ်သောင်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ တစ်သိန်းကျော်ကို ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)