မြစ်ကြီးနား၊ အောက်တိုဘာလ ၂၆ ရက်

(၂၆.၁၀.၂၀၂၄)ရက်နေ့ နေ့လယ်(၀၁၀၀)အချိန်တွင် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန်ရိက္ခာ(APTERR)အစီအစဉ် (၃)အရ ကိုးရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်(၄၈၄၂၂)တန် အား ကချင်ပြည်နယ်ရှိ နေရပ်စွန့်ခွာပြည်သူများထံ ထောက်ပံ့ရန် စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ဆင့် ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးမှ တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
