ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade 11 နှင့် Grade 12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း အမှတ်စဥ် (၄/၂၀၂၄)ကျင်းပ

ကော့သောင်း၊ ဒီဇင်ဘာ ၁၇ ရက်

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade 11 နှင့် Grade 12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း အမှတ်စဥ် (၄/၂၀၂၄)ကို ၁၇.၁၂.၂၀၂၄ ရက်နေ့မှ ၂၁.၁၂.၂၀၂၄ ရက်နေ့ အထိ ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင်ကျင်းပရာ ကော့သောင်းခရိုင်နှင့်မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိများ၊ကော့သောင်းခရိုင်နှင့် မြို့နယ်ပညာရေးမှူး ရုံးမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ၊ဆရာမများနှင့် သင်တန်းသူ ဆရာမများ စုစုပေါင်းအင်အား (၇၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)