မကွေး၊ ဇန်နဝါရီ ၂၄ ရက်

၂၄-၁-၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဆုတံဆိပ်များ ရရှိအောင် စွမ်းဆောင်ခဲ့သည့် မကွေးတိုင်းဒေသကြီး ဂုဏ်ဆောင်အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေအရာရှိ ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်၊ တိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ မကွေးတိုင်းဒေသကြီးအားကစားအောင်နိုင်ရေး ကော်မတီဝင်များ၊ အားကစားဝါသနာရှင်များနှင့် အားကစား နည်းအလိုက် အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါ သည်။
(သတင်းစဉ်)
