ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဘက်စုံသုံးအဆောက်အဦ နှင့် သိုလှောင်ရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး၊ မတ်လ ၂၀ ရက်

၂၀-၃-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာ အနီးရှိ ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဘက်စုံသုံးအဆောက်အဦ နှင့် သိုလှောင်ရုံဖွင့်ပွဲ အခမ်းအနားသို့    မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်၊အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ အမှူးပြုသော အလုပ်အမှု ဆောင် အဖွဲ့ဝင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူးနှင့် ဌာနအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ IFRC, ICRC, Danish Red Cross, German Red Crosse ဌာနေကိုယ်စားလှယ်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မကွေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသအတွင်းရှိ ကြက်ခြေနီအသင်းဝင်များ၊ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့ဝင် များ၊ လူငယ်အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

(သတင်းစဉ်)