မကွေး၊ ဧပြီလ

၉-၄-၂၀၂၅၊ ၁၀-၄-၂၀၂၅၊ ၁၁-၄-၂၀၂၅၊ ၁၂-၄-၂၀၂၅၊ ၁၃-၄-၂၀၂၅၊ ၁၄-၄-၂၀၂၅၊ ၁၅-၄-၂၀၂၅၊ ၁၆-၄-၂၀၂၅၊ ၁၇-၄-၂၀၂၅ ရက်နေ့များတွင် မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး ဘုရားခန်း၌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဆောင်၍ အရာထမ်း၊ အမှုထမ်းများ စုပေါင်းကာ ဘုရားပင့်ခြင်း၊ ဆီမီး၊ ရေချမ်း၊ ပန်းကပ်လှူခြင်း၊ ငါးပါးသီလခံယူခြင်း၊ နတ်ပင့်ခြင်း၊ ရတနသုတ်(၉)ခေါက်ရွတ် ဖတ်ပူဇော် ခြင်း၊ မေတ္တာပို့ အမျှဝေခြင်း၊ နတ်ပို့ခြင်း၊ ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ် ရွတ်ဖတ်ပူဇော်ခြင်းများကို (၁)နာရီကြာ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
