“ ရာဂီမုန်တိုင်းမတိုင်မီကာလ၌ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မိုးစပါးစိုက်ဧကများအတွက် အမျိုး သားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ သွင်းအားစုဖိုး လိုအပ်ငွေ၏(၂၅%)ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားသို့  တက်ရောက်

ဘားအံ၊ ဧပြီလ ၉ ရက်

၉.၄.၂၀၂၅  ရက်နေ့  နံနက်  (၁၀:၀၀) နာရီ အချိန်တွင်  ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ” ရာဂီမုန်တိုင်းမတိုင်မီကာလ၌ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီး ဆုံးရှုံးခဲ့သည့် မိုးစပါးစိုက်ဧကများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ သွင်းအားစုဖိုးလိုအပ်ငွေ၏(၂၅%)ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားသို့  ကရင် ပြည်နယ် ဥပဒေချုပ်ဦးရဲလွင်မှ  တက်ရောက်ခဲ့ရာ  ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ  ပြည်နယ်အဆင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်  တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)