ဒုံရင်းတိုက်နယ်၊ မြို့နယ်အဆင့် (၂)ကြိမ်မြောက် ” ကရင်စာပေ နှင့်ယဉ်ကျေးမှု စုပေါင်းသင်တန်းဆင်းပွဲအခမ်းအနား ” သို့ တက်ရောက်

ဘားအံမြို့၊ မေလ ၁၅ ရက်

၁၅. ၅ . ၂၀၂၅  ရက်နေ့  နံနက်  (၉:၀၀) နာရီအချိန်၌  ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊  အောက်ရေတံခွန်ကျောင်းတိုက်တွင်  ဒုံရင်းတိုက်နယ်၊ မြို့နယ်အဆင့် (၂)ကြိမ်မြောက် ” ကရင်စာပေနှင့်ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲအခမ်းအနား “ သို့ ကရင်ပြည်နယ် ဥပဒေချုပ်ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ပြည်နယ်အဆင့်ဝန်ကြီးများ၊   ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)