၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကချင်ပြည်နယ်ပညာရေးမှူးရုံးမှ ဦးစီး ကျင်းပသော “ ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြ ပါစို့” ဆိုသည့် ကျောင်းအပ်နှံရေး   သီတင်းပတ်ပိုစတာစိုက်ထူပွဲ    အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ မေလ ၁၉ ရက်

(၁၉.၅.၂၀၂၅)ရက်နေ့ နံနက်(၀၇၂၀)အချိန်တွင် မြစ်ကြီးနားမြို့၊ အထက-၉ ကျောင်းရှေ့၊ ကျောက်စိမ်းတုံးလမ်းဆုံတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကချင်ပြည်နယ်ပညာရေးမှူးရုံးမှ ဦးစီး ကျင်းပသော “ ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြ ပါစို့” ဆိုသည့် ကျောင်းအပ်နှံရေး   သီတင်းပတ်ပိုစတာစိုက်ထူပွဲ    အခမ်းအနားသို့   ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)