မြစ်ကြီးနားမြို့ ပြည်နယ် မိုးလုံလေလုံအားကစား ခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ ဒီဇင်ဘာလ ၃ ရက်

၃.၁၂.၂၀၂၅ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန် မြစ်ကြီးနားမြို့ ပြည်နယ် မိုးလုံလေလုံအားကစား ခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနား သို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)