မကွေး၊ မတ်လ ၃ ရက်

၃-၃-၂၀၂၆ ရက်နေ့ နံနက်(၈:၀၀)နာရီအချိန်က တိုင်းဒေသကြီးအားကစားကွင်း အားကစား ခန်းမ၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန မကွေးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာမှ ဖွင့်လှစ်သည့် တိုင်းဒေသကြီး နွေရာသီအခြေခံအားကစားသင်တန်းနှင့် လူငယ်ဖွံ့ဖြိုးရေးအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ဦးတင့်ဝေ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်လှလှဆွ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ၊ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်းသူ လူငယ်မောင်/မယ်များ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
