မြစ်ကြီးနား၊ ဇန်နဝါရီ ၂၉

၂၉.၁.၂၀၂၆ ရက်နေ့ ၀၉၀၀ နာရီအချိန် ကချင်ပြည်နယ်လွှတ်တော်ရုံး အဆောက်အဦပြင်ဆင် ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေးရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး လိုက်ပါခဲ့ကြောင်း သတင်း ရရှိပါသည်။
(သတင်းစဉ်)
