တရုတ်နိုင်ငံ၊ နန်နင်းမြို့သို့ ပညာတော်သင်သွားရောက်မည့် ကျောင်းသား၊ ကျောင်းသူများနှင့် Grade 12 စာစစ်မည့် ဆရာ၊ ဆရာမများအား တွေ့ဆုံပွဲအခမ်းအနားသို့  တက်ရောက်

မြစ်ကြီးနား၊ မတ် ၃၀

(၃၀.၃.၂၀၂၆)ရက်နေ့ နံနက်(၀၈၃၀)အချိန် မြစ်ကြီးနားတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် တရုတ်နိုင်ငံ၊ နန်နင်းမြို့သို့ ပညာတော်သင်သွားရောက်မည့် ကျောင်းသား၊ ကျောင်းသူများနှင့် Grade 12 စာစစ်မည့် ဆရာ၊ ဆရာမများအား တွေ့ဆုံပွဲအခမ်းအနားသို့  ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)