ဒုတိယရှေ့နေချုပ်က ဂျပန်နိုင်ငံတရားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး Mr. Kohei SAKAI အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဧပြီ  ၄

                  ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်သည် ဂျပန်နိုင်ငံတရားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး Mr. Kohei SAKAI ဦးဆောင်သောအဖွဲ့အား ယနေ့ မွန်းလွဲ ၁၃:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ သံတမန်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့အကြားဆောင်ရွက်လျက်ရှိသော ဥပဒေရေးရာကဏ္ဍနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းကို သက်တမ်း တိုးမြှင့်ဆောင်ရွက်မည့်ကိစ္စ၊ ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့်ဥပဒေများနှင့် စီးပွားရေးဆိုင်ရာ စာချုပ်စာတမ်းများအပေါ် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ စိစစ်အကြံပြုရာတွင် နည်းပညာဆိုင်ရာများ ပံ့ပိုးကူညီနိုင်ရေးကိစ္စ၊ စာချုပ်မူကြမ်းများပြုစုခြင်းနှင့် စပ်လျဉ်း၍ အစိုးရဌာနများနှင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများ စသည်တို့ကိုရင်းနှီးစွာဆွေးနွေးခဲ့ကြ ပါသည်။

          တွေ့ဆုံဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာဦးနှင့် ညွှန်ကြားရေးမှူး ဒေါက်တာကြည်ကြည်သန်းအောင်တို့လည်း တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)