ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာဦးက ဒုတိယအကြိမ်မြောက် Myanmar- EU Economic Forum တွင် ပါဝင်ဆွေးနွေး

နေပြည်တော်၊ ဇွန် ၆

 

 

ဒုတိယအကြိမ်မြောက် Myanmar- EU Economic Forum ၂၀၁၈ ကို ၆.၆.၂၀၁၈ ရက်နေ့တွင် နေပြည်တော်၊ Kempinski Hotel တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ​ဒေါက်တာသီတာဦးနှင့်အတူ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ရေဝတာနှင့် ဒေါက်တာ ကေသီအေးတို့လည်း တက်ရောက် ခဲ့ကြပါသည်။

အဆိုပါ ဖိုရမ်၏ Panel – 11 , Legal Section တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ​ဒေါက်တာသီတာဦးက Panellist အဖြစ် ဝင်ရောက်ဆွေးနွေးရာ၌ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအပါအဝင် စီးပွားရေး ဥပဒေများ ရေးဆွဲပြဌာန်းမှု အခြေအနေ၊ စီးပွားရေး ဥပဒေများ အကောင်အထည်ဖော်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ ထိုသို့ စီးပွားရေး ဥပဒေများ ရေးဆွဲအကောင်အထည်ဖော်ရာ၌ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အခန်းကဏ္ဍ အကြောင်းတို့ကို ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

(သတင်းစဉ်)