မြန်မာဥပဒေသတင်းအချက်အလက်စနစ် (Myanmar Law Information System-MLIS) ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ ဇွန် ၇

 

ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံးအစည်းအဝေးခန်းမ၌ လစဉ်လပတ် ပုံမှန်အစည်းအဝေးနှင့် MLIS မြန်မာဥပဒေသတင်းအချက်အလက်စနစ် ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်က ရှင်းလင်းပြောကြားစဉ်

ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံးအစည်းအဝေးခန်းမ၌ လစဉ်လပတ် ပုံမှန်အစည်းအဝေးနှင့် MLIS မြန်မာဥပဒေသတင်းအချက်အလက်စနစ် ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်က ရှင်းလင်းပြောကြားစဉ်

ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံးအစည်းအဝေးခန်းမ၌ လစဉ်လပတ် ပုံမှန်အစည်းအဝေးနှင့် MLIS မြန်မာဥပဒေသတင်းအချက်အလက်စနစ် ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားတွင် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဥပဒေအရာရှိများအခမ်းအနားတက်ရောက်

ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံးအစည်းအဝေးခန်းမ၌ လစဉ်လပတ် ပုံမှန်အစည်းအဝေးနှင့် MLIS မြန်မာဥပဒေသတင်းအချက်အလက်စနစ် ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသိန်းဇော်က ထပ်ဆင့်ရှင်းလင်းပြောကြားစဉ်

 

      ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ၇-၆-၂၀၁၈ရက်နေ့ (၁၃:၀၀) နာရီ တွင် မြန်မာဥပဒေသတင်းအချက်အလက်စနစ် (Myanmar Law Information System-MLIS) စတင် ထုတ်လွှင့်ခြင်း အခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူးက အဖွင့်အမှာစကား ပြောကြားပြီး၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသိန်းဇော်က မြန်မာဥပဒေသတင်းအချက် အလက် စနစ် (MLIS)စတင်ထုတ်လွှင်ခြင်းအခမ်းအနားကို နေပြည်တော် (Hilton Hotel)တွင် မေလ ၂၄ ရက်နေ့က ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဦးဆောင်ကျင်းပခဲ့ကြောင်း အခမ်းအနားတွင် ပြည်ထောင်စုရှေ့နေချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ချုပ်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် အမှုပြု၍  ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ပြည်နယ် ဥပဒေအရာရှိများ၊ ကိုးရီးယားနိုင်ငံဥပဒေပြုပြင်ရေးဌာန ဝန်ကြီးဦးဆောင်၍ (KOICA)မှတာ၀န်ရှိဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း၊ မြန်မာဥပဒေသတင်းအချက်အလက်စနစ် တည်ထောင်ဖွင့်လှစ်ခဲ့ခြင်းမှ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မှတ်တိုင်သဖွယ်ဖြစ်ကြောင်း ၊ ယခုအခါ အရှေ့တောင်အာရှနိုင်ငံများတွင် ပထမဆုံးအကြိမ် ထုတ်လွှင့်နိုင်ခဲ့ပြီးဖြစ်ကြောင်း(MLIS) အသုံးပြုပုံ၊ရရှိနိုင်သည့် အကျိုးကျေးဇူးတို့ကို တပ်ဆင့်ပြောကြားခဲ့သည်။

          ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်က အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရှိရပါသည်။

                                                                                                                 (သတင်းစဉ်)