ဘားအံ ဇွန် ၁၀


၁၀.၆.၂၀၁၈ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ခရိုင်ဥပဒေအရာရှိများ၊ မြို့နယ်ဥပဒေအရာရှိများ၊ ဒုမြို့နယ်ဥပဒေအရာရှိ များအား ဖိတ်ကြား၍ MLIS And Fair Trial Standards Guidebook ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေးမှ အမှာစကားပြောကြား ခဲ့ပြီး ပြည်နယ်ဥပဒေအရာရှိ ဦးရဲလွင်မှ MLIS And Fair Trial Standards Guidebook တို့အား ထပ်ဆင့်ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။
(သတင်းစဉ်)
