နေပြည်တော် ဇူလိုင် ၂၆

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ယနေ့ မွန်းလွဲ(၃:၃၀)နာရီ အချိန်တွင် International Commission of Jurists(ICJ) အဖွဲ့မှ ဥပဒေအကြံပေး Mr. Sean Bain ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ပါသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ တရားဥပဒေစိုးမိုးဆီသို့ ဟူသည့် မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ဥပဒေအရာရှိကျင့်ဝတ်၊ မျှတသော တရားစီရင်ရေးများစာအုပ်၊ စာချုပ်စာတမ်းများ စိစစ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်တို့ကို ထုတ်ပြန် နိုင်မှုနှင့် ယင်းတို့အား အကောင်အထည်ဖော်မည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဥပဒေရေးဆွဲရေး လက်စွဲထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ချက်များ၊ တရား ဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နှင့် အဖွဲ့ခွဲများ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ လွတ်လပ်၍ ဘက်လိုက်မှုကင်းရှင်းပြီး လူ့အခွင့်အရေးကို လေးစားသည့် တရားစွဲနှင့်အမှုလိုက်လုပ်ငန်းစနစ် ဖွံ့ဖြိုးလာရေးစသည်တို့ကို ရင်းနှီးစွာဆွေးနွေးကြပါသည်။
ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်း၀န် ဒေါ်နုနုယဉ်နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာဦးတို့ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်
